Pages

Friday, September 16, 2011

ကားဟောင်းများအား ပယ်ဖျက်ကာ အစားထိုးလဲလှယ်မည့်ရက်၊ ကားသွင်းလျှင်အမျိုးအစားအလိုက်ပေးဆောင်ရမည့် အခွန်နှုန်းများ သတ်မှတ်



သက်တမ်းရင့်ကားအိုကားဟောင်းများ လဲလှယ်ရာတွင် သက်တမ်း အနှစ် ၄၀ ကျော် အတွင်းပါဝင်သောကားများအား စက်တင်ဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာလ အတွင်းလည်းကောင်း၊ သက်တမ်းအနှစ် ၃၀ မှ ၄၀ ကြားကားများအား နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်းလည်းကောင်း၊ သက်တမ်း အနှစ် ၂၀ မှ ၃၀ ကြား ကားများအား ၂၀၁၂ ခုနှစ်ဇန်န၀ါရီလမှ မတ်လအတွင်း လည်းကောင်းလဲလှယ်ပေးမည် ဖြစ်ကြောင်းသိရသည်။
စစ်ကျန်ဘတ်စ်ကားတစ်မျိုးတည်းသာ ဘတ်စ်ကားအဖြစ်ပြန်လည်တင်သွင်းရမည်ဖြစ်ပြီး ကျန်ကားများအနေဖြင့် မိမိနှစ်သက်ရာ အိမ်စီးကားများကို တင်သွင်းလဲလှယ်နိုင်ကြောင်း၊ ဘယ်မောင်း၊ ညာမောင်းကန့်သတ်ချက်မရှိကြောင်း သိရသည်။
အိမ်စီးကားများဆိုပါက ယာယီမှတ်ပုံတင်ကြေးအား ကားမူရင်း တန်ဖိုး ပေါ်တွင် ၁၀၀ ရာခိုင်နှုန်း၊ ကားတင်သွင်းလာသည့်အခါ အကောက်ခွန်မှာ ၄၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ဘတ်စ်ကားများဆိုပါက ယာယီမှတ်ပုံတင်ကြေးအား ကားမူရင်းတန်ဖိုးပေါ်တွင် ၃၀ ရာခိုင်နှုန်း၊ ကားတင်သွင်းလာသည့်အခါ အကောက်ခွန်မှာ ၄၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်းသိရသည်။
မီးသတ်ယာဉ်ကဲ့သို့ လှူဒါန်းနိုင်သည့်ကားများဆိုပါက ယာယီမှတ်ပုံတင်ကြေးအား ကားမူရင်းတန်ဖိုးပေါ်တွင် ၁ ရာခိုင်နှုန်း၊ ကားတင်သွင်းလာသည့်အခါအကောက်ခွန်မှာ ၄၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင် နှုန်းကောက်ခံမည်ဖြစ်ကြောင်းသိရသည်။
ဒေါ်လာ ၃၅၀၀ ထက်မပိုတဲ့ အိမ်စီးကားသွင်းဖို့ သတ်မှတ်ထားတယ်။ ၃၅၀၀ တန်အိမ်စီးကားတစ်စီးသွင်းရင် ဥပမာ-မူရင်းတန်ဖိုး ၃၅၀၀ အမေရိကန်ဒေါ်လာ၊ အကောက်ခွန်က ၄၀ ရာခိုင်နှုန်းဆိုတဲ့အတွက် ၁၄၀၀ ဒေါ်လာပေးဆောင်ရမယ်ဆိုရင် ကားတစ်စီး ကုန်းပေါ်ရောက်တန်ဖိုးက ဒေါ်လာ ၄၉၀၀ ရှိသွားပြီ။ အဲဒီ ကုန်းပေါ်ရောက်တန်ဖိုး ပေါ်မှာပဲ ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာ ခိုင်နှုန်းပေးဆောင်ရမယ်မှာဖြစ်လို့ ဒေါ်လာ ၄၉၀၀ ရဲ့ ၂၅ ရာခိုင်နှုန်းက ဒေါ်လာ ၁၂၂၅ ဆိုတဲ့အတွက် ကားတစ်စီးတင်သွင်းလာပြီး ကုန်သွယ်လုပ်ငန်းခွန်ဆောင်ပြီးတဲ့အထိ ဒေါ်လာ ၆၁၂၅ ဒေါ်လာရှိတယ်။ အဲဒါပြီးရင် ယာယီမှတ်ပုံတင်ကြေးက မူရင်းကား တန်ဖိုးအပေါ် ၁၀၀ ရာခိုင်နှုန်းဆိုတဲ့အတွက် ၃၅၀၀ ဒေါ်လာ။ အဲဒါကို ၆၁၂၅ နဲ့ပေါင်း ၉၆၂၅ ဒေါ်ဆိုတာ အခွန်အားလုံးပါပြီးဖြစ်ပြီ။ သယ်ယူစရိတ် ဒေါ်လာ ၂၀၀၀ ၀န်ကျင်ခန့်ပါ ထည့်ပေါင်းရင် ၁၁၆၂၅ ဒေါ်လာခန့် ကုန်ကျမည်ဖြစ်ပြီး ဒီနေ့ငွေလဲနှုန်းက တစ်ဒေါ်လာကို ၇၈၀ ၀န်းကျင်နဲ့ တွက်ပါက ကားတစ်စီးတင်သွင်းပြီး အခွန်အရပ်ရပ်ဆောင်ပြီးတဲ့အထိ ကုန်ကျစရိတ်က ကျပ်ငွေနဲ့ဆို ကျပ် သိန်း ၉၀ ၀န်းကျင်ကျမည်ဟု ကားတင်သွင်းသည့် ကုမ္ပဏီတစ်ခုမှ ပြောကြားသွားသည်။ သယ်ယူစရိတ်မှာ ကားမှာယူသည့်နိုင်ငံအပေါ်မူတည်ပြီး ပြောင်းလဲသွားမည်ဟုလည်း သိရသည်။

Saturday, August 27, 2011

( Breaking News) ဟာရီကိန်း မုန်တိုင်းကြီး လာနေပြီ... နယူးယောက်က အမြန်ထွက်ကြပါ။



( Breaking News) ဟာရီကိန်း မုန်တိုင်းကြီး လာနေပြီ...  နယူးယောက်က အမြန်ထွက်ကြပါ။
( Breaking News) ဟာရီကိန်း မုန်တိုင်းကြီး လာနေပြီ... နယူးယောက်က အမြန်ထွက်ကြပါ။
အမေရိကန်ပြည်ထောင်စု အတ္တလန္တိတ် ကမ်းရိုးတန်း တလျှောက် ပြင်းအား အဆင့် ၃ ရှိပြီး Irene အမည်ရှိ ဟာရီကိန်း မုန်တိုင်းကြီးသည် အရှေ့ဘက် ကမ်းရိုးတန်းဒေသသို့  စနေနေ့ညမှ စတင် ၀င်ရောက်လာလျက် ရှိနေသောကြောင့် မြောက်ကာရိုလိုင်းနား၊ ဗာဂျီးနီးယား၊ မေရီလင်း၊ ကွန်နက်တီကပ်၊ နယူးယောက်နဲ့ နယူးဂျာစီ ပြည်နယ် များရှိ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များက အရေးပေါ် အခြေအနေ တစ်ရပ်အဖြစ် ကြော်ငြာထားကြောင်း သိရသည်။
အမေရိကန် ပြည်ထောင်စု၏ တောင်ဘက် ကာရစ်ဘီယံ ကျွန်းစုထဲရှိ ဘဟားမားကျွန်း၌ တနာရီလျင် လေတိုက်နှုန်း ၁၁၅ မိုင်နှုန်းဖြင့် ၀င်ရောက် တိုက်ခတ်လျက် ရှိနေသော ဟာရီကိန်းမုန်တိုင်း အိုင်ရင်းသည် စနေနေ့ညမှ စတင်ပြီး မြောက်ကာရိုလိုင်းနားပြည်နယ်သို့ အရင်ဆုံး စတင် ၀င်ရောက်လာမည် ဖြစ်ကြောင်းလည်း သိရသည်။

မြောက်ကာရိုလိုင်းနားပြည်နယ်၏ ကမ်းခြေတလျှောက်၌ ဒေသခံများ နှင့် နွေရာသီ အပန်းဖြေခရီး ရောက်ရှိနေသူများကို ဒေသဆိုင်ကာ ကယ်ဆယ်ရေး အဖွဲ့ဝင်များက အလျင်အမြန် ရွှေ့ပြောင်းပေးလျက် ရှိနေသည်။
ပြည်ထောင်စု အရေး အခြေအနေများ စီမံခန့်ခွဲရေး အေဂျင်စီရဲ့ အကြီးအကဲ Craig Fugate က "ဟာရီကိန်းမုန်တိုင်း အိုင်ရင်းဟာ ကမ်းရိုးတန်း တလျှောက်ကိုသာ တိုက်ခတ်မှာ မဟုတ်ဘဲ ကုန်းတွင်းပိုင်းကိုလည်း ၀င်ရောက် မွှေနှောက် တိုက်ခတ်မယ့် မုန်တိုင်းအမျိုးအစား ဖြစ်တယ်" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

ဟာရီကိန်းမုန်တိုင်း အိုင်ရင်းကြောင့် လေပြင်းရိုက်ခတ်မှုများ၊ ရေလွှမ်းမိုးမှုများ တစ်ဆက်တည်း ဆက်လက် ဖြစ်ပေါ် လာနိုင်ကာ သစ်ပင်ပျိုလဲမှု၊ တိုက်တာ အဆောက်အဦးများ ပြိုပျက်မှု နှင့် အခြား ထိခိုက်ဆုံးရှုံးမှုမျာ ဖြစ်ပေါ်လာနိုင်သည်ဟု လည်း ၄င်းက ပြောကြားခဲ့သည်။
အမျိုးသား ဟာရီကိန်းမုန်တိုင်း စောင့်ကြည့်ရေးဌာန ညွှန်ကြားရေးမှူး Bill Read ကလည်း ဗာဂျီးနီးယား နှင့် မေရီလင်းပြည်နယ် ၂ ခုအနီး ကိုလံဘီယာခရိုင်အတွင်း ပါဝင်နေသော ၀ါရှင်တန်ဒီစီ မြို့တော်ကိုပါ ဟာရီကိန်းမုန်တိုင်း အိုင်ရင်း တိုက်ရိုက် ကျရောက်နိုင်ကြောင်း သတိပေးချက်များ ပြုလုပ်ထားပြီး ယနေ့ ထုတ် ဒေးလီးမေးလ် သတင်းစာကမူ "ဟာရီကိန်းကြီး လာနေပြီ နယူးယောက်မှ အမြန်ထွက်သွားကြပါ" ဟု နိုးဆော်ရေးသား ထားသည်။

ကမ်းရိုးတမ်း ဒေသရှိ ရပ်ကွက် ငါးခုမှ ပြည်သူများ မဖြစ်မနေ နေရပ်ရင်းမှ အမြန်ထွက်ခွါကြရန် နယူးယောက် မြို့တော်ဝန်က ပထမအကြိမ် အမိန့် ထုတ်ပြန်လိုက်သည်။ စနေနေ့ နံနက်စောစောတွင် ကုန်းတွင်းပိုင်း ၀င်ရောက်မည့် ဟာရီကိန်းမုန်တိုင်း နှင့် ပတ်သက်ပြီး အမေရိကန် သမ္မတ အိုဘားမားကလည်း "သမိုင်းတစ်ခွင်မှာ မကြုံစဖူး ထူးတဲ့၊ သဘာဝ ဘေးဒဏ်ကြီး ရောက်လာတော့မယ်လို့ အခြေအနေအရပ်ရပ်ကတော့ ညွန်ပြနေပါပြီ။ လာမယ့်ရက်ပိုင်းအတွင်း ဟာရီကိန်း အိုင်ရင်းရဲ့ ဒဏ်ကို ခံရမလားဆိုတာ သေချာမသိပေမယ့် အမေရိကန် ပြည်သူတွေကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ရေ၊ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်လာနိုင်တဲ့ အရေးအပေါ် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြပါ။ အရေးပေါ် သတင်းထုတ်ပြန်ချက်တွေကို နားစွံ့ပေးပါ" ဟု အမေရိကန် ပြည်သူများသို့ အိုဘားများက ပြောကြားခဲ့သည်။

ဒေသတွင်းရှိ အမေရိကန် လေကြောင်းလိုင်းများ၊ ရထားလိုင်းများ၏ ခရီးစဉ်များ၊ ရေကြောင်း ခရီးစဉ်များကိုလည်း စနေနေ့ နေ့လည်မှ စတင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်းလည်း သိရသည်။ ဟာရီကိန်းမုန်တိုင်း အိုင်ရင်းသည် အမေရိကန် ပြည်ထောင်စုသမိုင်းတစ်လျောက် နှစ်ပေါင်း ၁၀၀ အတွင်း အပြင်းထန်ဆုံး မုန်တိုင်းကြီး ဖြစ်ဖွယ်ရှိကြောင်း မိုးလေ၀သ ပညာရှင်များက ခန့်မှန်းထားကြသည်။

Monday, May 30, 2011

GSM Network မိတ်ဆက်




Architecture & Operation of
GSM Mobile Network
ကျွန်တော်လည်း အကြောင်း အကြောင်းကြောင့် ဒီနည်းပညာကိုလေ့လာဖို့ ကြုံလာတယ်ဆိုပါတော့ဗျာ၊ ခု ကျွန်တော်သိသလောက် ရှိသလောက်၊ ပြင်ဆင်ထားပြီးသလောက်၊ လုပ်ဖော်ကိုင်ဖက်တွေသိဖို့ ဝေမျှဖော်ပြလိုက်ရပါတယ်။ လိုတာရှိရင်လည်း ဖြည့်ပေးကြပါ။ ယခုBTS နှင့် MS ကြားရှိ ကြားခံ Media (Interface)၊ Mobile Tower တစ်ခုနှင့် Mobile Station (MS) ကြားဆက်သွယ် သည့် Frequency ၊ Base Station Controller(BSC) နှင့် Mobile Switching Center (MSC)တို့အကြောင်း တင်ပြလိုက်ပါတယ်။

Interface between Base Transceiver
Station and Mobile Station
Mobile Network တစ်ခုအတွင်းရှိ Subsystem များ အချင်းချင်းချိတ်ရာတွင် ကြားခံ Media (Interface) အသုံးပြုပြီး ဆက်သွယ်ကြပါသည်။ Base Transceiver Station(BTS) နှင့် Mobile Station(MS) ကြား ဆက်သွယ် သည့် ကြားခံ Media (Interface) အား Air Interface (or) Um Interface ဟု ခေါ်ပါသည်။

Frequency between Mobile Tower
(GSM Tower) & Mobile Station (MS)
တယ်လီဖုန်း ဆက်သွယ်မှုများ ဖြစ်ပေါ်နိုင်ရန် အတွက် Mobile Tower နှင့် Mobile Station(MS) တို့ သည် Radio Frequency များဖြင့် အပြန်အလှန်ဆက် သွယ်ကြပါသည်။ Mobile Tower to Mobile Station ဆက်သွယ်သော Radio Frequency ကို Downlink (Forward) Frequency ဟူ၍ လည်းကောင်း၊ Mobile Station to Mobile Tower ကြား ဆက်သွယ်သော Radio Frequency အား Uplink(Reverse) Frequency ဟူ၍ လည်းကောင်း ခေါ်ဆိုပါသည်။


Base Station Controller (BSC)
Mobile Network တစ်ခုတွင် Base Transceiver Station များကိုထိန်းချုပ်လုပ်ကိုင်နိုင်သည့် Base Station Controllers များပါဝင်ပါသည်။ BSC တစ်ခု၏အ-ိက Process များမှာ-
1. Radio Channel များသတ်မှတ်နေရာချခြင်း (Allocation of Radio Channels)
2. Frequency များကို စီမံခန့်ခွဲခြင်း (Frequency Administration)
3. Mobile Station ၏ Power နှင့် Signal ကို တိုင်းတာခြင်း (Power and Signal Measurements from MS)
4. Mobile Station တစ်ခုအား BTS တစ်ခုမှတစ်ခု သို့ ကူးပြောင်းချိတ်ဆက်ပေးခြင်း (Handovers from One BTS to another) စသည့်တို့ ဖြစ်ပါသည်။
ထို့အပြင် Mobile Station တစ်ခုမှ Mobile Switching Center (MSC) သို့ ဆက်သွယ်ရမည့် အကြိမ် အရေအတွက်ကို လျော့နည်းစေခြင်းဖြင့် MSC ၏ ဆက် သွယ်သည့် ပမာဏကို (Higher Capacity Connections to MSC)တိုးတက်စေပါသည်။ Mobile Network တစ်ခု တွင် BSC အသုံးပြုရမည့် အရေအတွက်အား BTS ပေါ် မူတည်၍လည်းကောင်း (သို့) မြေမျက်နှာပြင် အနေ အထားပေးမူတည်၍ လည်းကောင်း သတ်မှတ် အသုံးပြု ကြပါသည်။

Base Transceiver Station နှင့် Base Station Controller ကြား ရှိ Interface ကို Abis ဟုခေါ်ပါသည်။
 Mobile Network System တစ်ခုတွင် BTS နှင့် BSC ပေါင်းစပ်တည်ဆောက်ထားခြင်းကို Base Station Subsystem (BSS) ဟုခေါ်ပါသည်။
Mobile Switch Center (MSC)
Mobile Communication Network ၏ အဓိက အကျဆုံးဗဟိုဌာနကြီး (Heart of the GSM Network)မှာ Mobile Switching Center ပင် ဖြစ်သည်။ MSC ၏ Process များမှာ -
(၁) က ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်ပေးခြင်း (Call Set Up)
(၂) ဖုန်းဆယ်သွယ်မှုလမ်းကြောင်းများ သတ်မှတ်ပေးခြင်း (Call Routing)
(၃) Mobile Network အချင်းချင်း (သို့) Mobile Network နှင့် Pubile Switch Telephone Network (PSTN)ကြား ကူးပြောင်းပေးသည့် Switching အနေဖြင့် လည်းကောင်း လုပ်ဆောင်ပေးပါသည်။
ထို့အပြင် Base Station Controller များကို ထိန်းချုပ်ခြင်း၊ တခြား MSC နှင့် Registers တို့ကြား ဆက် သွယ်ပေးသည့် Interface အဖြစ်လည်း လုပ်ဆောင် ပါသည်။

BSC နှင့် MSC ကြားဆက်သွယ်ကြားခံဆက်သွယ်ပေးသည့် Interface အား A Interface ဟုခေါ်ပါသည်။