Architecture & Operation of
GSM Mobile Network
ကျွန်တော်လည်း အကြောင်း အကြောင်းကြောင့် ဒီနည်းပညာကိုလေ့လာဖို့ ကြုံလာတယ်ဆိုပါတော့ဗျာ၊ ခု ကျွန်တော်သိသလောက် ရှိသလောက်၊ ပြင်ဆင်ထားပြီးသလောက်၊ လုပ်ဖော်ကိုင်ဖက်တွေသိဖို့ ဝေမျှဖော်ပြလိုက်ရပါတယ်။ လိုတာရှိရင်လည်း ဖြည့်ပေးကြပါ။ ယခုBTS နှင့် MS ကြားရှိ ကြားခံ Media (Interface)၊ Mobile Tower တစ်ခုနှင့် Mobile Station (MS) ကြားဆက်သွယ် သည့် Frequency ၊ Base Station Controller(BSC) နှင့် Mobile Switching Center (MSC)တို့အကြောင်း တင်ပြလိုက်ပါတယ်။
Interface between Base Transceiver
Station and Mobile Station
Mobile Network တစ်ခုအတွင်းရှိ Subsystem များ အချင်းချင်းချိတ်ရာတွင် ကြားခံ Media (Interface) အသုံးပြုပြီး ဆက်သွယ်ကြပါသည်။ Base Transceiver Station(BTS) နှင့် Mobile Station(MS) ကြား ဆက်သွယ် သည့် ကြားခံ Media (Interface) အား Air Interface (or) Um Interface ဟု ခေါ်ပါသည်။
Frequency between Mobile Tower
(GSM Tower) & Mobile Station (MS)
တယ်လီဖုန်း ဆက်သွယ်မှုများ ဖြစ်ပေါ်နိုင်ရန် အတွက် Mobile Tower နှင့် Mobile Station(MS) တို့ သည် Radio Frequency များဖြင့် အပြန်အလှန်ဆက် သွယ်ကြပါသည်။ Mobile Tower to Mobile Station ဆက်သွယ်သော Radio Frequency ကို Downlink (Forward) Frequency ဟူ၍ လည်းကောင်း၊ Mobile Station to Mobile Tower ကြား ဆက်သွယ်သော Radio Frequency အား Uplink(Reverse) Frequency ဟူ၍ လည်းကောင်း ခေါ်ဆိုပါသည်။
Base Station Controller (BSC)
Mobile Network တစ်ခုတွင် Base Transceiver Station များကိုထိန်းချုပ်လုပ်ကိုင်နိုင်သည့် Base Station Controllers များပါဝင်ပါသည်။ BSC တစ်ခု၏အ-ိက Process များမှာ-
1. Radio Channel များသတ်မှတ်နေရာချခြင်း (Allocation of Radio Channels)
2. Frequency များကို စီမံခန့်ခွဲခြင်း (Frequency Administration)
3. Mobile Station ၏ Power နှင့် Signal ကို တိုင်းတာခြင်း (Power and Signal Measurements from MS)
4. Mobile Station တစ်ခုအား BTS တစ်ခုမှတစ်ခု သို့ ကူးပြောင်းချိတ်ဆက်ပေးခြင်း (Handovers from One BTS to another) စသည့်တို့ ဖြစ်ပါသည်။
ထို့အပြင် Mobile Station တစ်ခုမှ Mobile Switching Center (MSC) သို့ ဆက်သွယ်ရမည့် အကြိမ် အရေအတွက်ကို လျော့နည်းစေခြင်းဖြင့် MSC ၏ ဆက် သွယ်သည့် ပမာဏကို (Higher Capacity Connections to MSC)တိုးတက်စေပါသည်။ Mobile Network တစ်ခု တွင် BSC အသုံးပြုရမည့် အရေအတွက်အား BTS ပေါ် မူတည်၍လည်းကောင်း (သို့) မြေမျက်နှာပြင် အနေ အထားပေးမူတည်၍ လည်းကောင်း သတ်မှတ် အသုံးပြု ကြပါသည်။
Base Transceiver Station နှင့် Base Station Controller ကြား ရှိ Interface ကို Abis ဟုခေါ်ပါသည်။
Mobile Network System တစ်ခုတွင် BTS နှင့် BSC ပေါင်းစပ်တည်ဆောက်ထားခြင်းကို Base Station Subsystem (BSS) ဟုခေါ်ပါသည်။
Mobile Switch Center (MSC)
Mobile Communication Network ၏ အဓိက အကျဆုံးဗဟိုဌာနကြီး (Heart of the GSM Network)မှာ Mobile Switching Center ပင် ဖြစ်သည်။ MSC ၏ Process များမှာ -
(၁) က ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်ပေးခြင်း (Call Set Up)
(၂) ဖုန်းဆယ်သွယ်မှုလမ်းကြောင်းများ သတ်မှတ်ပေးခြင်း (Call Routing)
(၃) Mobile Network အချင်းချင်း (သို့) Mobile Network နှင့် Pubile Switch Telephone Network (PSTN)ကြား ကူးပြောင်းပေးသည့် Switching အနေဖြင့် လည်းကောင်း လုပ်ဆောင်ပေးပါသည်။
ထို့အပြင် Base Station Controller များကို ထိန်းချုပ်ခြင်း၊ တခြား MSC နှင့် Registers တို့ကြား ဆက် သွယ်ပေးသည့် Interface အဖြစ်လည်း လုပ်ဆောင် ပါသည်။
BSC နှင့် MSC ကြားဆက်သွယ်ကြားခံဆက်သွယ်ပေးသည့် Interface အား A Interface ဟုခေါ်ပါသည်။
No comments:
Post a Comment