ဧရာဝတီတိုင်း လပွတ္တာမြို့ နယ် သက္ကယ်သောင်ကျေးရွာ တွင်တည်ရှိသော ချမ်းသာကြီးစေတီတော် မြတ်ဘုရားကြီး ကျောင်းတိုက်သည် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့သော နာဂစ်လေမုန်တိုင်းဒဏ်ကြောင့်အဆိုပါ ရှေးဟောင် ကျောင်းကြီး ၏ သာသနိကအဆောက်အဦးများ ပျက်စီးပြိုပြက်ခဲ့ ရပြီး ပြန်လည်ပြုပြင်မွန်းမံနိုင်ခြင်းမရှိသေးပါ။ အဆိုပါကျောင်းကြီး မှာ သက္ကရာဇ် ၁၂၆၆ ခုနှစ်တွင် ဆရာတော်ကြီး ဦးဇောတစတင်ကျောင်းထိုင်တော်မူခဲ့ပြီး ချမ်းသာကြီး စေတီတော်မြတ်ဘုရားကြီး တည်ထားကိုးကွယ်ခြင်းနှင့် အတူပေါက်ပေါက်လာခဲ့ခြင်းဖြစ်ပြီး နှစ်သက်တမ်းအားဖြင့် ၁၀၇ နှစ်တိတိရှိခဲ့ပြီဖြစ်ပါသည်။ ယခုအခါ တွင် သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် မုန်တိုင်းဒဏ်ကြောင့်ကျိုးပျက်ခဲ့ ရသော စေတီတော်မြတ်ကြီး၏ ထီးတော်အား ၂၀၁၀ ခုနှစ်တွင်ပြန်လည် ထီးတင်ခဲ့ပြီး ကျေးရွာသူကျေးရွာသားများမှ စုပေါင်းကာ ကျောင်းဆောင်တစ်ဆောင်သာ ပြန်လည် တည်ဆောက်နိုင်ပါသေးသည်။ အဆိုပါကျောင်းရှိ လက်ရှိကျောင်းထိုင်မှာမဏိရတနာဆရာတော်ကြီး အရှင်ပညာစာရ (နယ်လှည့်ဓမကထိက) ဖြစ်ပါသည်။ သို့ပါ၍ သဒ္ဒါကြည်လင်ပါရမီရှင်အပေါင်းတို့ အား လှူဒါန်းနိုင်ပါရန်အတွက် ရည်ဆူး တင်ပြလိုက်ရပါသည်။ လှူဒါန်းလိုသူများ ဆက်သွယ်ရန်ဖုန်းနံပါတ်မှာ ၀၉-၄၉၃၂၅၃၀၈ ဦးဇင်အောင်သို့ဆက်သွယ်ရန်ဖြစ်ပြီး ထိုမှတစ်ဆင့်ကျေးရွာဒေသခံ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပေးမည်ဖြစ်ခါ.. အလှူရှင်အနေဖြင့် တိုက်ရိုက်လေ့လာလှူဒါန်းနိုင်ကြောင်းတာဝန်သိ ဒေသခံတစ်ယောက်အနေ ဖြင့်သီတင်းကောင်းပါးအပ်ပါသည်။
ပျက်စီးသွားသောကျောင်းကြီး ၏ မှတ်တမ်းဓာတ်ပုံများ
ပျက်စီးသွားသောထီးတော်အဟောင်း
ဘုရားကျောင်းဆောင်
နာဂစ်မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့ရသော(ပြန်လည်ပြုပြင်ရန်လိုအပ်နေသော) ရှေးဟောင်း ဓမ္မာရုံကြီး
သမိုင်းဝင်ရှေးဟောင်းကျောက်စာ
ပျက်စီးသွားသောကျောင်းကြီး ၏ မှတ်တမ်းဓာတ်ပုံများ
ပြန်လည်မွန်းမံရန်လိုအပ်နေသောရှေးဟောင်းပန်းချီကားများ
ပျက်စီးသွားသောထီးတော်အဟောင်း
ဘုရားကျောင်းဆောင်
နာဂစ်မုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့ရသော(ပြန်လည်ပြုပြင်ရန်လိုအပ်နေသော) ရှေးဟောင်း ဓမ္မာရုံကြီး
သမိုင်းဝင်ရှေးဟောင်းကျောက်စာ
No comments:
Post a Comment