Pages

Tuesday, April 5, 2011

နိုင်ငံခြားသွားရန်လိုအပ်သော စာရွက်စာတမ်းများ

မြန်မာလူမျိုးအများစု သွားချင်သော စင်္ကပူနိုင်ငံ အား ဥပမာပေးတင်ပြဖြန်ဝေလိုက်ရပါသည်။


၁။ နိုင်ငံကူးလက်မှတ် (Passport)
နိုင်ငံတစ်နိုင်ငံတွင်နေထိုင်ရန် နိုင်ငံသားမှတ်ပုံတင် လိုအပ်သလိုပဲ ပြည်ပတွင် သွားရောက်သောအခါတွင် passport စာအလုပ်ကို ကိုင်ဆောင်ရပါတယ်
Passport စာအုပ်မှာ ကိုင်ဆောင်သူ၏ ကိုယ်ရေးအချက်အလက်များ ပါရှိပြီး မိခင်နိုင်ငံတော်မှ တရားဝင်အမိန့်ဖြင့် ထုတ်ပေးခြင်း ဖြစ်ပါတယ်
ဒါ့ကြောင့် ဒီစာအုပ်ဟာ ပြည်ပတွင် နေထိုင်စဉ် မိမိထံတွင် အမြဲရှိနေရမယ့် အရေးပါတဲ့ စာရွက်စာတမ်းဖြစ်ပါတယ်
Passport စာအလုပ်လျှောက်ထားရန် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်နှင့် အိမ်ထောင်စာစာရင်း (ပုံစံ-၁၀) လိုအပ်ပါတယ်
တခြားလိုအပ်ချက်များမှာ ပြောင်းလဲနိုင်သောကြောင့် ရန်ကုန်မြို့၊ ပန်းဆိုးတန်း (အလယ်ဘလောက်)ရှိ Passport ရုံးမှာ တိုက်ရိုက်စုံစမ်းပြီး လျှောက်ထားနိုင်ပါတယ်
အဲလိုလျှောက်ထားတဲ့အခါ အကူအညီပေးသော ပွဲစားများရှိသော်လဲ၊ မိမိကိုယ်တိုင် စုံစမ်းပြီး လုပ်ဖို့ တိုက်တွန်းချင်ပါတယ်
ဘာလို့လဲဆိုတော့၊ နိုင်ငံရပ်ခြားမှာတောင် ကိုယ့်ကိုယ်ကို ရပ်တည်ဖို့ ဆုံးဖြတ်ထားပြီးမှတော့ တရားမဝင်ဘဲ ပိုက်ဆံအကုန်အကျခံပြီး အကူအညီတောင်းတာ မလိုအပ်ဘူးလို့ ထင်ပါတယ်
ဒီလို passport စာအုပ် လျှောက်ထားတာဟာ ၃ ရက်အတွင်း form တင်နိုင်ပြီး၊ ၂ လအတွင်း နိုင်ငံကူးလက်မှတ် ရနိုင်ပါတယ်
ဒီစာအုပ်ကိုင်ဆောင်ထားရင် ခင်ဗျားဟာ ပြည်ပနိုင်ငံတစ်ခုကို သွားရောက်ခွင့် ရှိသွားပါပြီ၊ ဒါပေမယ့် တဖက်သွားရောက်မယ့် နိုင်ငံက သူတို့နိုင်ငံအတွင်း ဝင်ခွင့်ပေးဖို့အတွက် ပြည်ဝင်ခွင့် (visa) လိုလာပါပြီ


၂။ ပြည်ဝင်ခွင့် (visa)
ခု passport ကိုင်ဆောင်ထားတာမို့ ကိုသွားချင်တဲ့ နိုင်ငံကို ခွင့်ဝင်ရအောင် အဲနိုင်ငံနဲ့ သက်ဆိုင်တဲ့ ပြည်ဝင်ခွင့် ကိုလျောက်ထားရပါမယ်
ဒီဟာကတော့ မိမိ ကိုယ်သွားလိုတဲ့ နိုင်ငံက သတ်မှတ်ပေးပါတယ်၊ သွားရောက်တဲ့ အနေအထားအလိုက် visa အမျိုးအစားတွေလဲ ကွဲပြားပါတယ်
ခု ကျနော်သွားသလို အလည်အပတ် အတွက်ပေးတဲ့ social visit visa၊ နောက် ကျောင်းတက်မယ့် သူတွေကိုင်တာ၊ ဆေးလာကုမယ့်သူတွေ ကိုင်တာ အဲလိုအမျိုးမျိုးရှိပါတယ်
ဒါကြောင့် ဒီ visa ရဖို့အတွက် ကိုယ်သွားမယ့် နိုင်ငံ သံရုံးမှာပဲ အစစအရာရာ လုပ်ရပါတယ်
ခု စင်္ကာပူကို လာမယ်ဆိုရင်၊ စင်္ကာပူ သံရုံးမှာ စုံစမ်းပါ၊ မြန်မာနိုင်ငံကို စင်္ကာပူနိုင်ငံက ခွင့်ပြုတဲ့ visa အမျိုးအစားကို ကြည့်၊ နောက် ကိုယ်လျှောက်ချင်တဲ့ အမျိုးအစားကိုရဖို့ လိုအပ်တဲ့ စာရွက်စာတမ်းကို ပြန်စု ရပါမယ်
မြန်မာနိုင်ငံသားတစ်ယောက် social visit visa လျောက်ဖို့ အတွက်ဆို စင်္ကပူ PR တစ်ယောက်က ဖိတ်ခေါ်ရပါမယ်၊ သူကနေ ထောက်ခံပေးတဲ့အတွက် သူ့ကိုယ်ရေးအချက်အလက်တချို့နဲ့ သူ့ PR ID ကဒ်မိတ္တူ ပြရပါမယ်၊ နောက် ကိုယ်သွားမယ့် လေယာဉ်လက်မှတ် (သို့) booking လုပ်ထားတာ ပြရမယ်၊ သတ်မှတ်ထားတဲ့ visa form ဖြည့်ရပါမယ်
စင်္ကာပူက ကူညီမယ့်သူရှိရင် သူကနေလည်း ဝင်ခွင့်ဗီဇာ (entry visa) လှမ်းပို့ နိုင်ပါသေးတယ်
ကျနော်တို့လို မြန်မာနိုင်ငံက ဘွဲ့ကိုင်သူတွေက ခုလို social visit visa နဲ့ နေခွင့် (၂)လအတွင်း အလုပ်ရှာရပေမယ့်၊ စင်္ကာပူအသိအမှတ်ပြု နိုင်ငံကနေ ဘွဲ့ရရင်လဲ EPEC ကိုလျှောက်ထားပြီး long term visit visa ရနိုင်ပါတယ်
စင်္ကာပူနိုင်ငံထဲ ဝင်ဖို့ visa (၁၂)မျိုးရှိတယ်လို့ သိရပါတယ်၊ အသေးစိတ်ကို www.ica.gov.sg မှာ ကြည့်နိုင်ပါတယ်
ဒါကလဲ ပြောင်းလဲ နိုင်ပါတယ်၊ ဒါကြောင့် သွားခါနီးမှသာ တိုက်ရိုက်စုံစမ်းတာပဲ အသုံးဝင်ပါလိမ့်မယ်
ခုလို ပြည်ဝင်ခွင့် (visa) ရလာပေမယ့်၊ နိုင်ငံထဲပဲ ဝင်ခွင့်ရှိသေးတာပါ၊ အဲမှာ ခဏနေခွင့်ရဖို့အတွက် လေယာဉ်ကွင်းမှာ ရှိတဲ့ immigration officer ကနေ ဆုံးဖြတ်ပေးဦးမှာပါ
လေယာဉ်ပေါ်မှာ ဖြည့်လာတဲ့ စက္ကူပိုင်လေး (white card) ပေါ်မှာ ဘယ်နှစ်ရက်နေခွင့် (stay) ပေးတယ်ဆိုတာကို တံဆိပ်တုံးနဲ့ ထုပေးလိုက်ပါလိမ့်မယ်၊ အများဆုံး ရက်(၃၀) ပေးတတ်ပါတယ်
ခုလို အဆင့်ဆင့်လုပ်ရတာတွေက မခက်ပါဘူး၊ အတွ့အကြုံလုံးဝ မရှိလဲ၊ ဘေးကလူ လုပ်တာ ကြည့်ပြီး လိုက်လုပ်သွားရင် အဆင်ပြေသွားတာပါပဲ

၃၊ လေယာဉ်လက်မှတ်
ဒါကတော့ လွယ်ပါတယ်
လက်မှတ်ရောင်းပေးတဲ့ agent တွေဆီသွား ဝယ်လိုက်ရင် ပြီးတာပါပဲ
ကြိုကြိုတင်တင်တော့ booking လုပ်ထားဖို့လိုမယ်ထင်ပတယ်
ကိုလိုချင်တဲ့ ရက်ရဖို့လေ
လက်မှတ်ဖြတ်ပြီးရင်လဲ သေချာသိမ်းထားပေါ့နော်၊ အထုတ်အပိုးတွေ ပြင်ရင်းနဲ့
ခုဆို နိုင်ငံခြားကို သွားဖို့ ပြည့်စုံနေပါပြီ



No comments:

Post a Comment