၁။ အရည်အချင်း
ခင်ဗျားရဲ့ အရည်အချင်းဖြစ်ပါတယ်
ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းပိုင်းကို တက်နိုင်သလောက် ကျွမ်းကျင်အောင် လေ့လာခဲ့ပါ
ဒီဟာကတော့ ဒီလောက်ပဲ ရေးလို့ရပါလိမ့်မယ်
ဒါပေမယ့် အရေးအကြီးဆုံး အချက်ဖြစ်ပါလိမ့်မယ်
အရည်အချင်းမှာ လိုနေရင် အလုပ်ရသည့်တိုင်အောင်
အဖြုတ်ခံရတာမျိုး၊ မတိုးတက်လာတာမျိုးတွေ၊ စိတ်ညစ်တာတွေ ရင်ဆိုင်ရပါလိမ့်မယ်
သေချာလေး အချိန်ယူ ပြင်ဆင်ကြပါ
၂။ စိတ်ဓါတ်
ကိုယ့်တာဝန်ကိုယ် ယူမယ့်စိတ် မွေးခဲ့ကြပါ၊ အစစအရာရာပေါ့
စင်္ကာပူနိုင်ငံက နိုင်ငံခြားသားများတဲ့ နိုင်ငံဆိုတော့
ခုမှရောက်လဲ လမ်းညွှန်မြေပုံကြည့်သွားတာတို့
အစားအသောက်စားလဲ ပုံနဲ့ ရွေးခိုင်းတာတို့ လုပ်ပေးထားတော့
ခုမှရောက်ပေမယ့် တကယ်လုပ်ရင် ကိုယ့်ဖါသာ သွားတာ လာတာ အကုန်လုပ်နိုင်ပါတယ်
အဲ၊ သူများကိုကြီးအားကိုပြီး လုပ်ဖို့ စဉ်းစားလိုက်ရင်တော့
ကျနော်သိသလောက် ပြန်ကြရတာပါပဲ
ခက်တာက ဒီမှာ ကိုယ့်အလုပ်နဲ့ကိုယ် လုံးဝ မအားကြပါဘူး
ဒီနိုင်ငံကိုက ဒီအနေအထားမှာ ဖြစ်နေတာပါ
အဲတော့ လိုအပ်လာရင် Ministry of Manpower မှာ အလုပ်သမား ကိစ္စတွေ ဝင်စုံစမ်းတာမျိုး
visa သက်တမ်းကို အခြေအနေအရ ICA ရုံးသွားတိုးရတာမျိုးတွေ ဖြစ်လာရင်
ကိုယ်တိုင်စုံစမ်းပြီး လုပ်ကြရပါတယ်
ဒီတော့ ဒုတိယလိုတာ စိတ်ဓါတ်လို့ ထင်ပါတယ်
၃။ အခြေချရန်
စင်္ကာပူရောက်တဲ့အခါ နေဖို့၊ နောက် သွားဖို့လာဖို့ သင်ပေးဖို့တွေအတွက်
အမျိုး (ဒါမှမဟုတ်) သူငယ်ချင်းကောင်း အပြင် သူတို့ အားလောက်တဲ့ အချိန်ကို စီစဉ်ထားသင့်ပါတယ်
နေထိုင်ဖို့အခန်းကိုလဲ ကြိုတင်ငှားထားသင့်ပါတယ်
ဒီက သူငယ်ချင်းတွေကနေ ငှားခိုင်းတာ အဆင်မပြေရင်တောင်
ရန်ကုန်မှာ အဲလို ဝန်ဆောင်မှုတွေ ရှိတယ်ကြားပါတယ်
နေရာကောင်းမကောင်း၊ ဈေးသင့်မသင့်ကို သူငယ်ချင်းတွေကို တိုင်ပင်ပါ
နေရမယ့်နေရာမှာ Internet သုံးလို့ရဖို့က အရေးအကြီးဆုံးပါပဲ
ရန်ကုန်မှာလို အပြင်မှာသွားသုံးမယ် မစဉ်းစားပါနဲ့
တစ်နာရီ (၃)ဒေါ်လာပါတဲ့ ခင်ဗျာ၊ အိမ်မှာဆို အလကားလောက်နီးနီး သုံးကြရပါတယ်
အလုပ်လျှောက်ဖို့ကို email နဲ့သုံးရတာဆိုတော့ internet မရရင် သေပီပဲဗျာ
နောက်ပြီးလဲ ဟိုမှာသုံးဖို့ ဘာညာတွေကို အလွန်အကျွံတွက်ပြီး မယူသွားပါနဲ့
ပိုက်ဆံသာ လုံလုံလောက်လောက်ယူသွားရင် ဖြစ်ပါတယ်
၎။ စာရွက်စာတမ်းများ
အလုပ်လျှောက်ရာတွင် တင်ရန် စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ကြပါ
၁။ ဘွဲ့လက်မှတ် (မူရင်း)
၂။ ဘွဲ့လက်မှတ် (နိုတြီ၊ အဆင်ပြေပါက MOFA တုံးရိုက်ခဲ့ပါ)
၃။ certificate များ၊ လုပ်ငန်းကျွမ်းကျင်မှု ထောက်ခံချက်များ
၎။ လိုင်စင်ဓါတ်ပုံ ၂ ဒါဇင်ခန့် (နောက်ခံအဖြူ၊ ကာလာပုံ ဖြစ်ရင် ပိုကောင်းသည်)
၅။ ကိုယ်ရေးအချက်အလက်များ (Resume)
Resume (သို့) CV သည် interview ရရန်အရေးကြီးသဖြင့် ကောင်းရန်လိုပါသည်
အကိုးအကားများကို Internet မှ လဲ ရှာနိုင်ပါသည်
A4 ၁ မျက်နှာမှ ၂ မျက်နှာအထိ ရှိသင့်ပါသည်၊ စာမျက်နှာ မများသင့်ပါ
ဒီလောက်ဆိုလျှင် စင်္ကာပူရောက်သောအခါ အလုပ်လျှောက်ရန် လိုသော စာရွက်စာတမ်းများမှာ ပြည့်စုံနေပါပြီ (ကြိုတင်လို့ ပြင်ဆင်နိုင်ကြပါစေ အမှားကင်းပါစေ)

No comments:
Post a Comment