Pages

Tuesday, April 5, 2011

စင်္ကပူ မှာ အလုပ်လျှောက်ဖို့ ဗဟုသုတ

၁။ အလုပ်ရှာခြင်း
စင်္ကာပူမှာ ကုမ္ပဏီတွေက လူလိုရင် websites တွေ၊ သတင်းစာတွေကနေ ခေါ်ပါတယ်
websites တွေကတော့ ချက်ချင်းလိုတာ မဟုတ်ဘဲ၊ သတင်းစာကတော့ ချက်ချင်းလိုတာကို ကြော်ငြာတာများပါတယ်
websites တွေက www.jobsdb.com.sg, www.jobcentral.com.sg, www.jobstreet.com.sg, www.monster.com.sg တို့က အသုံးများပါတယ်
အဲ sites တွေကနေ အလုပ်ရှာချင်ရင် ကိုယ့် CV(resume) ကို တင်ပေးထားရပါတယ်
လိုအပ်လာရင် တင်ထားတဲ့ CV ကိုပဲ တခါတည်း အလုပ်ခေါ်ချင်တဲ့ကုမ္ပဏီဆီကို ပို့ပေးပါတယ်
များသောအားဖြင့်တော့ အလုပ်ခေါ်တဲ့ ကုမ္ပဏီရဲ့ email ပေးထားရင် အဲကိုပဲ ကိုယ့် email နဲ့ အပြင်က CV microsoft word files (.doc) ကိုပဲ attachment လုပ်ပြီး ပို့ပေးလိုက်တာပါပဲ
Subject မှာ Application for <ကိုယ်လျှောက်ချင်တဲ့ အလုပ်နေရာ> ပေါ့
နောက် email body မှာ cover letter လေးရေးပေးလိုက်ပါတယ်
ကိုယ် ဒီအလုပ်ခေါ်တာကို ဘယ်ကနေတွေ့တယ်၊ အခု ဘာကြောင့် အလုပ်လျှောက်ဖို့ ရွေးမိတယ် ဆိုတာလေးကို အကျဉ်းလေး ရေးပေးလိုက်တာပါပဲ
အသေးစိတ် ကိုယ့်အချက်အလက်ကတော CV မှာပါ ရပါလိမ့်မယ်
websites တွေကနေ အလုပ်လျှောက်တာကတော့ interview ပြန်ခေါ်ဖို့ ကြာဖို့များပါတယ်
တကယ်မြန်တာက သတင်းစာပါ၊ The Straits Times သတင်းစာကနေ ရှာပါတယ်
နေ့စဉ်အလုပ်ခေါ်တာပါပေမယ့် စနေနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ သက်သက်ကို ပိုထည့်ပေးပါတယ်
ဒီကို လာမယ့် နေ့ကိုတောင် စနေ၊ ဗုဒ္ဓဟူး နဲ့ အဆင်ပြေအောင် ညှိလာရင် ပိုကောင်းပါလိမ့်မယ်
အဲလိုကနေ အလုပ်ခေါ်တာတွေကို ရှာပြီး email နဲ့ တင်ရင်းကနေ ကိုယ့်ဆီကို interview ခေါ်ဖို့ ဆက်သွယ်လာပါလိမ့်မယ်
ညနေပိုင်းလိုမျိုးအချိန်မှာ (ကိုယ်ပေးထားတဲ့ ဆက်သွယ်ရန် phone  နံပါတ်ကို) ခေါ်လာပါလိမ့်မယ်
နောက် လိပ်စာလိုမျိုး လိုအပ်တာကို email ဆီကို ထည့်ပေးပါလိမ့်မယ်
အဲလို interview ခေါ်ဖို့က ကိုယ်တင်လိုက်တဲ့ ၁ ပတ်အတွင်းကို ပြန်ဆက်သွယ်လာကြပါတယ်
ပထမ တစ်ပတ်၊ နှစ်ပတ်မှ interview phone မဝင်လာရင် ကိုယ့် Resume ကို သေချာပြန်ပြင်ဖို့ စဉ်းစားပါတော့
၂။ interview
interview ရလိုက်ပီဆိုရင် တော်တော်အခြေအနေကောင်းလာပါပြီ
လိပ်စာကိုကြည့်ပြီး www.streetdirecotry.com လို ကနေ မြေပုံနဲ့ ရှာ
ကြာချိန်ကို ခန်မှန်း၊ အချက်အလက်တွေကို မှတ်စုစာအုပ်နဲ့ မှတ်
ညကျရင် ဘုရားရှိခိုး ဆုတောင်ပြီး အချိန်မှီရောက်အောင် သွားပေတော့ပေါ့ဗျာ
တခါတည်း မရသည့်တိုင်အောင် နောက်ဝင်မယ့် interview တွေအတွက် အတွေ့အကြုံရလိုက်တာပါပဲ
ကိုယ်လျှောက်တဲ့ အလုပ်ပေါ်မူတည်ပြီး အမေးခံရပါလိမ့်မယ်
second interview လဲ ပြန်အချိန်းခံရတတ်ပါသေးတယ်
ဘယ်လိုလုပ်သင့်တယ်ဆိုတာ အတိအကျလုံးဝ မရှိပါဘူး 
ဒါကတော့ ကိုယ့်အရည်အစွမ်း၊ စွမ်းရည်ပေါ်မူတည်ပြီး ရသွားပါလိမ့်မယ်
အလုပ်က လက်ခံပြီဆိုရင် ၁ ပတ်အတွင်း ပြန်ခေါ်ပါလိမ့်မယ်
အဲ ကုမ္ပဏီက ခန့်လိုက်ပြီမို့ အလုပ်လုပ်ရပြီ မထင်ပါနဲ့ဦး
Ministry of Manpower ကနေ ခွင့်ပြုမှ အလုပ်လုပ်ခွင့် work permit ထုတ်ပေးပြီး၊ အဲဒီခွင့်ပြုချက်နဲ့ အလုပ်လုပ်ခွင့်ရမှာပါ
အခု လက်ရှိ နေနေတဲ့ social visit visa က အလုပ်လုပ်ခွင့် မရှိပါဘူး၊ EPEC ကိုင်လာရင်တော့ ရပါတယ်


၃။ Work permit
စင်္ကာပူ လူစွမ်းအား ဝန်ကြီးဌာနက အလုပ်သမားရေးရာကို ကိုင်ပါတယ်
ကုမ္ပဏီတစ်ခုက နိုင်ငံခြားသားတစ်ယောက်ကို အလုပ်ခန့်ဖို လိုအပ်တဲ့ စည်းမျဉ်းတွေနဲ့ အလုပ်သမားအတွက် အလုပ်လုပ်ခွင့်ကို လျှောက်ပေးရပါတယ်
ကိုယ်တိုင် လျှောက်ရင်လဲ ရပါတယ်၊ ဒါပေမယ့် အလုပ်ခန့်တဲ့ ကုမ္ပဏီရဲ့ အချက်အလက်တွေကို တော်တော်များများ လိုတာမို့ များသောအားဖြင့် ကိုယ်က လိုအပ်တဲ့ form လေး၊ ဘွဲ့မိတ္တူလောက်လေး ပေးပြီးတော့ပဲ စောင့်ရုံပါပဲ
အလုပ်လုပ်ခွင့် (work permit) အမျိုးမျိုးရှိပါတယ်၊ WP, Spass, EP ဆိုပြီး အများစု သိကြပါတယ် အသေးစိတ်ကို www.mom.gov.sg မှာ ဝင်ကြည့်နိုင်ပါတယ်
WP က အခြေခံလစာ ၁၈၀၀ အောက် အလုပ်သမားတွေကို ထုတ်ပေးပါတယ်၊ Spass က အခြေခံလစာ ၁၈၀၀ အထက် ၂၅၀၀ အောက် ကျွမ်းကျင်လုပ်သားတွေကို ထုတ်ပေးပါတယ်၊ EP က အခြေခံလစာ ၂၅၀၀ အထက် ပညာရှင်တွေကို ထုတ်ပေးပါတယ်
များသောအားဖြင့်က Spass ကိုမှန်းကြတာများပါတယ်၊ လက်လှမ်းမှီပြီး အခွင့်အရေးလဲ သင့်တင့်တဲ့အတွက် ဖြစ်ပါတယ်
ကိုယ့်ကို ကုမ္ပဏီက သဘောကျရင် သိပ်ပူစရာ မလိုပါဘူး၊ သူတို့တာဝန်အတိုင်း အကုန်လိုက်လုပ်ပေးသွားပါလိမ့်မယ်
တခါတခါ ကံဆိုးပြီး တကယ်မလျှောက်ပေးတော့တာမျိုးလဲ ကြုံနိုင်ပါသေးတယ်၊ ဒါကြောင့် သူတို့ တင်ပေးပြီလား ဘယ်အခြေအနေရောက်နေပြီလဲ ဆိုတာ ဆက်သွယ်နေရပါတယ်
နောက် ပူစရာတစ်ခုက အခြေအနေ တစ်ခုခုကြောင့် MOM က ခွင့်မပြုတာမျိုးမှာ appeal ပြန်လုပ်ရတာမျိုး၊ နောက် လုံးဝ မရလိုက်တာမျိုးအထိ ဖြစ်နိုင်ပါသေးတယ်
ဒီအနေအထား ရှိသည့်တိုင်အောင် အလုပ်က ရှာနေသင့်ပါတယ်
အားလုံး အဆင်ပြေသွားလို့ approved ဖြစ်သွားပြီဆိုရင်၊ ဆေးစစ်ဖို့ စာရင်းကို ကုမ္ပဏီကို လှမ်းပို့ပေးပါလိမ့်မယ်
ဆေးစစ်ပြီး ကဒ်သွားထုတ်ပြီးရင် ကုမ္ပဏီက သတ်မှတ်ပေးတဲ့နေ့ မှာ အလုပ်စဆင်းလို့ရပါပြီ
အဲမတိုင်ခင် အလုပ်လုပ်ခွင့်မရှိပါဘူး၊ ဒါပေမယ့် တချို့ ပိုက်ဆံပိုစောစောရဖို့ စောစောဆင်းဖို့ ခွင့်တောင်းပြီး ဆင်းတာမျိုး ရှိကြပါတယ်
သိပ်တော့ မကောင်းဘူးလို့ ထင်ပါတယ် reject ဖြစ်ခဲ့ရင် နောက်တစ်ခု အလုပ်ထပ်ရှာဖို့က မလွယ်တော့လို့ပါ
အဲလိုဖြစ်တာ ဖြစ်ခဲပေမယ့် စိတ်ချရအောင် မလေးဗီဇာ ကြိုဝင်ထားတာတို့ လုပ်ထားသင့်ပါတယ်

No comments:

Post a Comment