အလွန်ရှေးကျသော အချိန်ကတည်းက မြန်မာနိုင်ငံတွင် လူတို့ နေထိုင်ခဲ့ကြသည်။ ရှေးအကျဆုံးနေခဲ့သူများမှာ ကျောက်အသုံးအဆောင် လက်နက်ပစ္စည်းများကိုသာ အသုံးပြုပြီး အသက်မွေးခဲ့ကြသော ကျောက်ခေတ်လူသားစု ဖြစ်သည်။ မြန်မာပြည်နေရာဒေသများတွင် ရှေးနှစ်သန်းပေါင်းများစွာကပင် သက်ရှိများ နေထိုင်ခဲ့ကြသည့် အထောက်အထားများကို ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ပုံတောင်ပုံညာဒေသတွင် တွေ့ရသော ကျောက်ဖြစ်ရုပ်ကြွင်း များက သက်သေခံလျက်ရှိသည်။ ကျောက်ခေတ်လူသားတို့၏ ဘ၀အစ နေထိုင်ခဲ့သည့် ကျောက်လက်နက်များ၊ ခေတ်ပန်းချီ လက်ရာများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် အနီးရှိ ပြဒါးလင်းဂူတွင် တွေ့ရှိရခြင်းကြောင့် မြန်မာတို့၏ ရှေးကျလှသော ယဉ်ကျေးမှုများကို အခိုင်အမာ သက်သေထူနိုင်သည်။
နောက်ပိုင်း၌ ရောက်ရှိလာသော နီဂရိုတို (နီဂရိုး) လူမျိုးများကမူ ယဉ်ကျေးမှုအဆင့်အတန်း အနည်းငယ် ရှိသည်။ (ယခု ကပ္ပလီကျွန်းစုတွင် တွေ့နိုင်သည်။)
ထို့နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ လူမျိုးပေါင်းများစွာ ၀င်ရောက်ရွှေ့ပြောင်း နေထိုင်ခဲ့ကြသည်။ အာရှတိုက် အလယ်ပိုင်းမှ မွန်ဂိုလူမျိုးတို့သည်။ တောင်ပိုင်းသို့ တစ်စတစ်စ ရွှေ့ပြောင်းလာရင်း ရေကြည်ရာမြက်နုရာ ရှာဖွေလျက် မြန်မာနိုင်ငံအတွင်း ရောက်ရှိလာခဲ့သည်။
မြန်မာသည် မွန်ဂိုမျိုးနွယ်မှ ဆင်းသက်လာပြီး နေထိုင်ရာ ဒေသ ကွဲပြားမှုများကြောင့် လူမျိုးစုများစွာ ဖြစ်တည်လာခဲ့ရတော့သည်။
ရှေးကစွမ်းရည်ရှိကြသော အကြီးအကဲများသည် လူမျိုးအစုစု ပါဝင်သော နိုင်ငံတစ်ခုဖြစ်လာရန် အတန်တန် အားထုတ်ခဲ့ကြသည်။ သို့သော် ယဉ်ကျေးမှု၊ လူဦးရေ၊ လမ်းပန်းဆက်သွယ်မှု၊ နိုင်ငံရေးအမြင် စသည်တို့ ချို့ယွင်းအားနည်းခဲ့သည့်အတွက် နိုင်ငံတည်ချည်၊ နိုင်ငံပျက်ချည် ဖြစ်ခဲ့သည်။
No comments:
Post a Comment