Pages

Wednesday, April 6, 2011

မြန်မာအင်ဖိုတက်ခ်၏ အများသုံး အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း(PAC) လိုင်စင်များနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက လွှဲပြောင်းယူ





မြန်မာအင်ဖိုတက်ခ်မှ ဆောင်ရွက်လျက် ရှိနေသည့် အများသုံး အင်တာနက် ၀န်ဆောင်မှုလုပ်ငန်း(PAC) လိုင်စင်များနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနက မြန်မာအင်ဖိုတက်ခ် နှင့်ရတနာပုံ တယ်လီပို့ထံမှ လွှဲပြောင်း ရယူခဲ့ကြောင်း သတင်းရရှိပါသည်။
"မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက PAC လိုင်စင်ထုတ်ပေးခွင့်ကို မြန်မာအင်ဖိုတက်ခ်နဲ့ ရတနာပုံ တယ်လီပို့ကို အရင်က ပေးထားတာပါ။ ဒီလိုပေးထားတာကို အခုပြန်ယူလိုက်တာပဲ ဖြစ်ပါတယ်။
မြန်မာအင်ဖိုတက်ခ်နဲ့ ရတနာပုံ တယ်လီပို့ကို PAC လိုင်စင်ထုတ်ပေးခွင့် ဆက်ပေးမပေး ဆိုတာကိုတော့ အစိုးရအဖွဲ့သစ်က ဆုံးဖြတ်ပါလိမ့် မယ်။ လောလောဆယ်မှာတော့ PAC လိုင်စင် ထုတ်ပေးတာနဲ့ ပတ် သက်တဲ့ကိစ္စ အားလုံးကို ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက လုပ်ဆောင် ပေးနေပါတယ်။ လိုင်စင်လျှောက်ချင်တဲ့ သူတွေအနေနဲ့လည်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနကို လျှောက်ထားရမှာ ဖြစ်ပါတယ်”ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောပြပါသည်။
မြန်မာအင်ဖိုတက်ခ်နှင့် ရတနာပုံ တယ်လီပို့အနေဖြင့် PAC စင်တာများနှင့် ပတ်သက်၍ ကြွေးကျန်ကိစ္စ ရပ်များနှင့်မတ်လကုန်ထိ ပေးဆောင်စရာ ရှိသည်များကိုသာ လက်ခံသွားမည်ဖြစ်ပြီး ဧပြီလမှစ၍ ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနက လွှဲပြောင်းလုပ်ကိုင်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်ထိ မြန်မာအင်ဖိုတက်ခ်၌ မှတ်ပုံတင်ထားသော PAC စင်တာအရေ အတွက်မှာ စုစုပေါင်း ၈၀၂ ခုရှိပြီး ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် အတွင်း၌ ၅၅၇ ခု၊ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ပြင်ပ၌ ၂၇ ခု၊ မန္တလေးမြို့၌ ၂၁ ခုနှင့် အခြားသော မြို့များ၌ ၁၉၇ ခုအစရှိသဖြင့် စုစု ပေါင်း ၈၀၂ ခု ဖြစ်ကြောင်း သိရသည်။
မြန်မာအင်ဖိုတက်ခ်အနေဖြင့် PAC စင်တာများမှ တစ်ဆင့် ၂၀၀၆- ၂၀၀၇ ခုနှစ်အတွင်းက ၀င်ငွေကျပ် သိန်း ၁၀၀၀ ကျော်၊ ၂၀၀၇-၂၀၀၈ ခုနှစ်က ၀င်ငွေ ကျပ်သိန်း ၁၅၀၀ နီးပါး၊ ၂၀၀၈-၂၀၀၉ခုနှစ်အတွင်း က ၀င်ငွေ ကျပ်သိန်း ၃၀၀၀ နီးပါးနှင့် ၂၀၀၉-၂၀၁၀ ပြည့်နှစ်က ၀င်ငွေ ကျပ်သိန်း ၃၅၀၀ ကျော် ရရှိခဲ့ ကြောင်း သိရှိရပါသည်။
ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ပြင်ပမှ PAC စင်တာ အရေအတွက်
ဒဂုံမြို့သစ်ဆိပ်ကမ်း    
သန်လျင်         ၁၃
လှည်းကူး       
ဒဂုံမြို့သစ် အရှေ့ပိုင်း   
မှော်ဘီ

ရန်ကုန်စည်ပင် သာယာနယ်နိမိတ်အတွင်းမှ PAC စင်တာအရေအတွက်
အလုံ   ၂၄
ဗဟန်း  ၁၄
ဗိုလ်တထောင်   ၂၁
ဒဂုံမြို့သစ်မြောက်ပိုင်း    ၁၆
ဒဂုံမြို့သစ်တောင်ပိုင်း    ၁၀
ဒဂုံ     
ဒေါပုံ  
လှိုင်     ၃၅
လှိုင်သာယာ   
အင်းစိန် ၂၅
ကမာရွတ်        ၄၈
ကျောက်တံတား ၃၉
ကြည့်မြင်တိုင်  
လမ်းမတော်     ၂၅
လသာ  ၁၇
မြေနီကုန်း        ၂၅
မင်္ဂလာတောင်ညွန့်      ၁၄
မင်္ဂလာဒုံ        
မြောက်ဥက္ကလာပ        ၁၁
တောင်ဥက္ကလာပ         ၁၉
ပန်းဘဲတန်း      ၁၉
ပုဇွန်တောင်     ၂၁
စမ်းချောင်း      ၄၃
ရွှေပြည်သာ      ၁၀
တာမွေ ၅၇
သာကေတ     
သင်္ဃန်းကျွန်း   ၁၄
ရန်ကင်း          ၁၂
     

မန္တလေးမြို့ရှိ PAC စင်တာအရေအတွက်
အောင်မြေသာဇံ
ချမ်းအေးသာဇံ  ၁၃
မဟာအောင်မြေ
ပုဂံမြို့သစ်      
   

No comments:

Post a Comment